Monitoring and controlling (PMP)
27th December 2021 By MyanmarDF
blog

ဤ အဆင့်တွင် အားလုံးသော စီမံခန့်ခွဲ့မှုနည်းဗျုဟာများကို အသုံးချရပါသည်။ ပြုမူလုပ်ဆောင်ခြင်းမှ ရရှိလာသော အကျိုးရလဒ်များကို အရည်အသွေး စံချိန်ပြည့်မှီ စေရန် စမ်းသပ် ကြည့်ရှု့ခြင်း၊ မိမိလိုအပ်သော အကျိုးရလဒ်ကို ရရှိစေရန် သေချာစွာ စစ်ဆေးခြင်း၊ ပိုမိုကောင်းမွန်သော နည်းလမ်းများကို တီထွင်ကြံဆခြင်း၊ အစရှိသည့် စောင့်ကြည့်ခြင်း လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရပါသည်။

အရည်အသွေးညံ့သည့် ရလဒ်ရှိပါက ပြန်လည် ကောင်းမွန်အောင်လုပ်ကာ သင့်တော်သော မှတ်တမ်း မှတ်ရာများ ရေးမှတ် ထားရပါသည်။ သို့မှသာ နောင်တချိန် အမှားများကို လေ့လာ သင်ခန်းစာ ယူနိုင်ပေမည်။

ထို့နောက် ပရိုဂျက်ကြီး တခုလုံးအတွက် ပြီးမြောက်သွားသောအရာ ရလဒ်များကို အတည်ပြုပေးရသည်။