အစပျိုးခြင်း (Initiation) - PMP
27th December 2021 By MyanmarDF
blog

Project တစ်ခု အစပျိုးခြင်းသည် ဘယ်သို့ ဘယ်ပုံ စတင်ကြပါသနည်း။ Project Management Office (PMO) သည် customer ၏ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး Kick Off အစည်းအဝေး လုပ်ပြီးသွားသည်နှင့် လိုအပ်သော သဘောတူညီချက်၊ လုပ်ဆောင်ပေးရမည့် လုပ်ငန်းအတိုင်းအဆပမာဏ(Project Scope)၊ Project တွင်ပါဝင်ပတ်သက်မည့် Stakeholders၊ Communication Channels များကို သတ်မှတ်နိုင်ခဲ့ကြပါသည်။ ထို့နောက် Project တစ်ခုကို PMO မှ ချမှတ်ပေးပါသည်။

(ထို့ကြောင့် အလုပ်တစ်ခုကို လုပ်တော့မည်၊ အင်တာဗျုးတွင် ပြောကြဆိုကြပြီ ဆိုလျှင် အရေးကြီးသော အချက်သည် လုပ်ငန်းတစ်ခု၏ ဖွဲ့စည်း တည်ဆောက်ပုံ(Organization Structure) ကို မေးမြန်းဖို့ လိုအပ်ပါသည်။ မိမိ လုပ်ကိုင်ရမည့် အလုပ်သည် ဘယ်လို လုပ်ဆောင်မှု(Process) များကို ဖြတ်သန်း၍ လာမည်နည်း။ ဘယ်သူ့ကို မိမိက Report ပေးရမည်နည်း။ ကိုယ့်လက်အောက်တွင် မည်သူတွေ ရှိမည်နည်း။ ထိုဖွဲ့စည်းတည်ဆောက်ပုံ (Organization Structure) တွင် မိမိက ဘယ်နေရာတွင် ရှိမည်နည်း။ နောင် အနာဂတ်အတွက် မိမိသည်ဘယ်နေရာများတွင် အမြင့်ဆုံး ရောက်ရှိနိုင်မည်နည်း။ ထို့ကြောင့် အလုပ်တစ်ခု၏ စည်းစနစ်ကျသော ဖွဲ့စည်းတည်ဆောက်ပုံသည် အလွန်အရေးကြီးပါသည်။)

PMO မှ သဘောတူညီ၍ Project တစ်ခုကို သတ်မှတ်ပေးလိုက်ပြီဆိုလျှင် Project Charter ဆိုတာ ထွက်လာပါသည်။ ထိုအဆင့်သည် အစပျိုးခြင်းအဆင့်(Initiating) ဖြစ်ပါသည်။ Project Charter သည် Project တစ်ခု၏ ကနဦးဆုံး အစပျိုးခြင်း ဖြစ်ပါသည်။ Project Charter တွင် Project Manager ကို ရွေးချယ် သတ်မှတ်ပေးထားပါသည်။ Project ကို လုပ်ဆောင်ရမည့် Methodology၊ Objective၊ Stakeholders၊ (ယူဆချက်များ)Assumptions and (ခက်ခဲသော အရာများ)constraints ဟူ၍ ယေဘူယ ပါရှိပါသည်။ ထို့နောက် Preliminary Project Scope Statement ကို ရေးသားပြင်ဆင်ရပါမည်။

စာရေးသူ ပြုလုပ်ခဲ့သော နောက်ဆုံး ပရောဂျက် တစ်ခုတွင် KickOff Meeting မစ ခင် တရက်အလိုတွင် Customer ဘက်မှ Stakeholders များ၏ Personalities များကို လေ့လာထားရပါသည်။ ထို့အပြင် ထိုသူများက Project အပေါ် အတိုင်းအတာ မည်မျှ အထိ လွှမ်းမိုး(Influence) နိုင်သနည်း၊ ထိုသူများကို မည်သို့ တုံ့ပြန်ရမည်နည်းဟု ပြင်ဆင်ရပါသည်။

ဤသည်မှာ အစပျိုးခြင်း(Initiating) အဆင့် အကြမ်းဖျင်း သဘောတရားဖြစ်ပါသည်။

Project Charter တွင် ပရောဂျက် အကြောင်းအရာ ကို အတိုချုပ် ဖော်ပြထားပြီး၊ ပရောဂျက်၏ ရည်ရွယ်ချက်၊ မည်သူက ပရောဂျက်ကြီးတစ်ခုလုံးကို ငွေကြေးအင်အားဖြင့် ကျောထောက်နောက်ခံပေးထားသနည်း။ တနည်အားဖြင့် ပရောဂျက် စပွန်စာ(Sponsor) ကဖြင့် ဘယ်သူ ဘယ်ဝါလို့ ဖေါ်ပြထားပါတယ်။

ထို့အပြင် ပရောဂျက် သည် မည်သည့်နေ့တွင် စပြီး၊ မည်သည့်နေတွင် အဆုံးသတ်ရမည်၊ ပရောဂျက်တွင် မည်သူတွေ ပါဝင်ပတ်သက်ကြမည်ကို ဖေါ်ပြထားရသည်။ ပရောဂျက်၏ ရည်ရွယ်ချက်သည် တိုးတောင်းရှင်းလင်းဖို့ လိုအပ်သည်။ ဝိဟာရကွဲ အဓိပ္ပာယ်နှစ်ခွထွက်နေသော ဖွင့်ဆိုချက်များ ရှောင်ရှားရပါသည်။

တချို့သော ပရောဂျက်များမအောင်မြင်ရသည်မှာ ရည်မှန်းချက်(Objective) ရှင်းလင်းမှုမရှိပဲ ရှိနေသောကြောင့်ဖြစ်သည်။

ပရောဂျက်တစ်ခုတွင် ပရောဂျက်မန်နေဂျာ ပါဝင်စွတ်ဖက်၍မရနိုင်သော ကိစ္စများ၊ ဘတ်ဂျက် အခက်အခဲပေါ်လာသည့် အခါ၊ ပရောဂျက်မန်နေဂျာကိုယ်တိုင် ဆုံးဖြတ်ချက်ချ၍ မရနိုင်တော့သည့် အခါတွင် PMO ကို အကြောင်းကြား တင်ပြရသည်။ PMO မှတဆင့် ပရောဂျက် စပွန်စာ ဆီသို့ တင်ပြရကာ၊ အကယ်၍ ပရောဂျက် စပွန်စာက ငွေကြေးထောက်ပံ့ပေးမှုရပ်ဆိုင်းပါက ပရောဂျက်တစ်ခုလုံး ရပ်ဆိုင်းသည်ပင်။

ပရောဂျက်တွင် မည်သူတွေက ပါဝင်ပတ်သက်မည်ကို ခြုံငုံစွာ သိထားဖို့လိုအပ်သည်။ မည်သူကဖြင့် ပရောဂျက်ကို ဘယ်လောက် အတိုင်းအတာထိ လွှမ်းမိုးမည်နည်း။ ထိုလွှမ်းမိုးနိုင်မည့်သူများအား ပရောဂျက် စတင်ချိန်၊ အစီအစဉ်ရေးဆွဲချိန်တွင် ပါဝင် နားလည်ထားဖို့လိုအပ်သည်။

ထိုကဲ့သို့ အစပိုင်း အချိန်များတွင် ပရောဂျက်အပေါ် လွမ်းမိုးသည့် ပမာဏ များမည်။ ပြုပြင်တာတွေ၊ ပြောင်းလဲတာတွေများ မည်။ သို့ရာတွင် ပရောဂျက်သည် အချိန်နှင့် တကွ တိုးတက် လာသည်နှင့်အမျှ ထိုလွမ်းမိုးမှု ပမာဏ နည်းသွားဖို့ လိုအပ်သည်။ ပရောဂျက် ပြီးဆုံးခါအနီးထိ ပြင်ဆင်တာတွေ၊ ပြောင်းလဲတာတွေ လွှမ်းမိုးမှု ရှိနေသေးလျှင် ရေးဆွဲထားသည့် ပရောဂျက် အစီအစဉ် ကို ထိခိုက်ပေလိမ့်မည်။

Preliminary Project Scope Statement ကို ရေးသားပြင်ဆင်သည်တွင် ပရောဂျက်တွင် မည်သည်တို့ကို ပြီးမြောက်အောင်လုပ်ရမည်၊ မည်သည့် အတိုင်းအတာထိအောင် သိုတည်းမဟုတ် မည်သည့်အတိုင်းအတာထိသာ ပြီးမြောက်အောင် လုပ်ဆောင်ရမည်၊ မည်သည့် နည်းလမ်း ဆုံးဖြတ်ချက်က ပရောဂျက်အောင်မြင်စွာ ပြီးမြောက်ကြောင်း ဆုံးဖြတ်မည် တို့ကို အကြမ်းဖျင်း ထည့်သွင်းရေးသားရပါသည်။

ပရောဂျက်တစ်ခုကို ဘယ်လိုနည်းလမ်း နိဿယျများဖြင့် ချဉ်းကပ်ကာ အဘယ်ကဲ့သို့ ပြုမူလုပ်ဆောင်မည်နည်းဟု ရှင်းလင်းပြတ်သားသော သတ်မှတ်ချက်ရှိရပါသည်။ စာရေးသူလုပ်ခဲ့သော ပရောဂျက်တစ်ခု၏ လုပ်ဆောင်ပုံနည်းလမ်း သတ်မှတ်ချက်ကို ဥပမာပေးရလျင်