Hiring

eLearning အတွက် အွန်လိုင်း ဗီဒီယိုနှင့် သင်ခန်းစာများကို ဖန်တီးပေးနိုင်မည့် ဆရာ၊ ဆရာမများ၊ ပညာပေး ဗီဒီယို Animination ဖန်တီးသူများကို ငှားရမ်းလိုပါသည်။ အခကြေးငွေအားဖြင့် သင်ခန်းစာ အမျိုးအစားအလိုက် သင်ခန်းစာတစ်ခု ကျပ်ငွေနှစ်သောင်းမှ တစ်သိန်းခန့် ပေးမည်ဟု budget လျာထားပါသည်။
ရည်ရွယ်ချက်များမှာ
၁။ ပြည်တွင်းမှ ဆရာ၊ ဆရာမများ သင့်တင့်သော ဝင်ငွေရရှိစေရန်
၂။ eLearning မှ အခကြေးငွေ မယူပဲ အွန်လိုင်း၊ အင်တာနက်မရှိသည့် နေရာဒေသတို့အတွက် ပညာဒါန ပြန်လည် ဖြန့်ဝေ ပေးရန်
၃။ ပြည်တွင်း ပြည်ပ မြန်မာအသိုင်းအဝန်းတွင် လုပ်ငန်းခွင်အတွက် အတတ်ပညာများ ပိုမို ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်ပါသည်။

အကြမ်းဖျင်း လိုအပ်သည့် သင်ခန်းစာများ

အကြံပေးခြင်းမျှသာ။
- Database - RDBMS and noSQL
- Artificial Intelligence
- Analysis of Algorithms
- Advanced Java Programming (J2EE)
- PHP Programming
- Web Programming (C#, Asp.Net)
- Python Programming for Data Science
- Data Mining
- Computer Graphics
- Project Management - PMP
- ဘာသာ စကားများ
- အခြေခံ အရောင်၊ ပန်ချီပညာရပ်
- မှို စိုက်ပျိုးနည်းပညာ

လိုအပ်ချက်များမှာ
၁။ သင်ခန်းစာတစ်ခုအတွက် သင့်တော် လုံလောက်သော အချိန်ပမာဏတစ်ခု ပေးပြီး ရှင်းလင်း ပြသပေးဖို့ လိုအပ်ပါသည်။
၂။ ကျောင်းစာသင်သည့် သင်ခန်းစာ သဘောမျိုး မဟုတ်ပဲ လက်တွေ့လုပ်ငန်းနှင့် ချိန်ထိုး နှိုင်းယှဉ်ပြသပေးနိုင်သော သင်ခန်းစာမျိုး ပိုကောင်းပါသည်။ မဖြစ်မနေ လိုအပ်တာမျိုးတော့ မဟုတ်ပါဘူး။
၃။ သင်ခန်းစာကို ဗီဒီယိုတစ်ခုထဲတွင် အားလုံးစုပြုံပြီး ရှင်းလင်းပြောဆိုတာမျိုး မဟုတ်ပဲ၊ ငါးမိနစ်စာ သို့မဟုတ် ဆယ်မိနစ်စာ ဗီဒီယို အပိုင်းအစလေးများ ခွဲပြီး ရှင်းလင်းပြောဆိုမျိုး လိုအပ်ပါသည်။
၄။ သင်တန်းကျောင်း၊ ပုဂ္ဂိုလ်ရေး personal band တည်ဆောက်လိုသူများလည်း ရှိပါလိမ့်မည်။ Myanmar Development Foundation eLarning မှ ကန့်သတ်မထားပါဘူး။ လူငယ်တွေ၊ ကလေးတွေအတွက် အကျိုးပြု သင်ခန်းစာများ ဖန်တီးပေးဖို့က အဓိကကျပါသည်။
၅။ နည်းပညာ သင်ခန်းစာများ၊ စီမံခန့်ခွဲ့မှု၊ ဦးဆောင်မှု၊ အနုပညာဖန်တီးမှု၊ လူမှုဆက်ဆံရေး၊ ဘာသာ စာ၊ စကား အစရှိသည့် အမျိုးမျိုး အထွေထွေသော အကြောင်းအရာများ သင်ကြား ပြသပေးဖို့ လေးစားစွာဖြင့် အနုအညွတ် ရိုသေစွာတောင်းဆိုအပ်ပါသည်။

ဖန်တီးပေးနိုင်သည့် ဆရာ၊ ဆရာများ အနေဖြင့် အလုပ်လျှောက်လိုပါက။
၁။ eLearning ဝက်ဆိုက်ဒ်တွင် စာရင်းသွင်းပါ။ စာရင်းသွင်းသည့်အခါ စစ်မှန်သော အီးမေးလ်လိပ်စာ သုံးရပါမည်။ ထို အီးမေးလ်လိပ်စာကို eLearning မှ လျို့ဝှက် ထားပါမည်။
၂။ စာရင်းသွင်းပြီးသည့်အခါ ထိုအီးမေးလ်လိပ်စာကို ပြန်လည် စစ်ဆေးပါ။ အီးမေးလ်လိပ်စာ မှန်ကန်ကြောင်း အသိအမှတ်ပြုပါ။
၃။ eLearning ဝက်ဆိုက်သို့ ထိုအီးမေးလ်လိပ်စာနှင့် ပြန်လည် ဝင်ရောက်ပြီး ပုံတွင် ပြထားသည် "Become An Instructor" ကို နှိတ်ပြီး လျှောက်လို့ရပါသည်။

eLearning မှ အလုပ်လက်ခံကြောင်း အသိအမှတ်ပြုပြီးပါက ဆရာ၊ ဆရာများ အနေဖြင့်
၁။ သင်ခန်းစာ သင်ရိုးညွှန်းတမ်းများကို မိမိ စိတ်ကြိုက် ကဏ္ဍများခွဲပြီး ဖန်တီးလိုရပါသည်။
၂။ ဖုန်းကင်မရာကို သုံးပြီး ငါးမိနစ်စာ၊ ဆယ်မိနစ်စာ စာသင်သည်ကို မှတ်တမ်းထင်ထားလို့ ရပါသည်။ Software သုံးပြီး ကွန်ပျူတာ screen ကို record မှတ်တမ်းတင်သည့် နည်းလမ်းကို သုံးလည်း ရပါသည်။
၃။ ဗီဒီယို သင်ခန်းစာများကို Myanmar Development Foundation ၏ YouTube channel https://studio.youtube.com/channel/UCjQ6W5vsd9-qofjJ3xeJBjQ တွင် တင်နိုင်ရန် permission ပေး ဖန်တီးပေးပါမည်။

 

အကြုံပြုချက်
သင်ကြားပြသမည့် ဗီဒီယိုများကို ဖန်တီးသည့် အခါ
နည်းလမ်း ၁။ သင့်တော်သော စာအုပ်တစ်အုပ်သို့မဟုတ် စာအုပ်များကို မှီငြမ်းပြီး ဗီဒီယို အပိုင်းအစများ အခန်းလိုက် ခွဲပြီး ဖန်တီးလို့ ရသည်။
နည်းလမ်း ၂။ အခြားသင့်တော်သော နိုင်ငံခြားမှ ဗီဒီယို ဖန်တီးမှုများကို မှီငြမ်းပြီး မြန်မာဘာသာပြန် သဘော ဖန်တီးမှုလည်း လုပ်လို့ ရသည်။
နည်းလမ်း ၃။ eLearning သင်ခန်းစာတိုင်းတွင် Quiz အခန်းကဏ္ဍပါရှိသည်။ ထို Quiz အမေးအဖြေတို့တွင် ပါဝင်သည့် အကြောင်းအရာတို့ကို ဦးတည်ထားပြီး ဗီဒီယို ဖန်တီးမှုများကိုလည်း လုပ်လို့ ရသည်။
ဆရာ၊ ဆရာမများ သင့်တော်သော နည်းလမ်းများ သုံးပြီး ဖန်တီးလို့ရပါသည်။ အကြုံပြုချက်များသာ။